စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sawjefry

အပြစ်တင်တမ်း ကစားပွဲ

အကြိမ်ပေါင်းများစွာ ကျွန်မ အပြစ်တင်ခံရသည်။ အပြစ်တင်ခံရသည်မှာလည်း မမှားပါ။
ကျွန်မ၏အပြစ်၊ ချို့ယွင်းပျက်ကွက်မှု၊ အားနည်းချက်များက မိတ်ဆွေ၊ မိသားစု
(တစ်စိမ်းတစ်ရံများလည်း ပါနိုင်သည်) ၎င်းတို့ကို ၀မ်းနည်းစေသည်။ သောကရောက်
စေသည်။ အဆင်မပြေ ကသိကအောက်ဖြစ်စေသည်။
သို့ငြားလည်း ကျွန်မက အခြားသူများကို ပြစ်တင်
စွပ်စွဲတတ်သည်။ ‘‘သူတို့က အဲလိုလုပ်လိုက်ရင် ကျွန်မလည်း
ဒီလိုဖြစ်မှာ မဟုတ်ဘူး’’ ဟု ကျွန်မ ကိုယ့်ဘာသာကိုယ်
ကျိတ်ပြောတတ်သည်။ အပြစ်တင်စွပ်စွဲမှုက နာကျင်စေပါ
သည်။ ထိုကြောင့် အပြစ်ရှိရှိ မရှိရှိ၊ အပြစ်တင်မှုဒဏ်ကို
ခံယူပေးမည့်သူကို ကျွန်မတို့ ဦးနှောက်အစားခံ၊ အချိန်
ကုန်ခံပြီး ရှာဖွေကြသည်။
အပြစ်တင်ခြင်း ပြဿနာကို ဖြေရှင်းရန် သခင်
ယေရှုက ပို၍ကောင်းသောနည်းလမ်းကို ပြသသင်ပေးသည်။
သခင်သည် အပြစ်တင်ခြင်းနှင့်ကင်းသောသူ ဖြစ်သော်လည်း
လောက၏အပြစ်ကို ဆောင်ယူသွားသောသူဖြစ်သည် (ယော
၁း၂၉)။ သခင်ယေရှုကို…

မျက်ရည်လက်ဆောင်

ကျွန်မမိတ်ဆွေ၏ယယငိအမေဆုံးသွားချိန်တွင် သူ့ထံကျွန်မဖုန်းခေါ်ခဲ့သည်။ သူ့အမေနှင့်
ကျွန်မအမေက အလွန်ခင်မင်သော မိတ်ဆွေများဖြစ်ပြီး၊ ယခု သူတို့နှစ်ဦးလုံး ကွယ်လွန်
လေပြီ။ ကျွန်မတို့ စကားပြောနေရင်း ခံစားချက်များနှင့် ထိခိုက်လျက် သူ့မိခင်အန်တီ Beth
မရှိတော့၍ ၀မ်းနည်းမျက်ရည်ကျရသည်။ ထို့ပြင် အန်တီ Beth
၏ဂရုစိုက်တတ်ပုံ၊ ရွှင်ပြလျက် နှစ်လိုဖွယ်ကောင်းပုံများကို
ပြန်ပြောင်းသတိရရင်း ရယ်မောရင်း မျက်ရည်ကျရပြန်သည်။
တော်ကြာငိုလိုက်၊ တော်ကြာရယ်လိုက်နှင့် ထူးဆန်း
သည့် ခံစားချက်ကို ကျွန်မတို့ကြုံဖူးမည်ပင်။ ဤသို့ ၀မ်းနည်း
ဝမ်းသာခံစားချက်ဖြင့် ရုပ်ပိုင်းဆိုင်ရာ တင်းအားများကို
လျော့ကျစေနိုင်ခြင်းသည် အံ့ဩဖွယ်ကောင်းသောဆုကျေးဇူး တစ်ပါးဖြစ်သည်။
ကျွန်မတို့သည် ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခံရပြီး (က ၁း
၂၆)၊ ရယ်မောခြင်းသည် ယဉ်ကျေးမှုတိုင်း၌ ခွဲထုတ်၍မရသော အစိတ်အပိုင်းဖြစ်သည်။
ထို့ကြောင့် သခင်ယေရှု၌ လူကို ရယ်မောအောင်လုပ်နိုင်သည့် အံ့ဖွယ်ဟာသဉာဏ်
ရှိမည်ဟု ကျွန်မတွေးမိသည်။ ထိုမျှမက ကိုယ်တော်သည်…

နက်နဲဆန်းကြယ်သောနည်းလမ်း

တရုတ်စာသင်တန်း၏ ပထမဆုံးသင်တန်းချိန်ကို ကျွန်မသား တက်ရောက်ပြီးနောက်
သူပြန်ယူလာသည့် သင်ခန်းစာများကြောင့် ကျွန်မအံ့ဩသွားရသည်။ မိခင်ဘာသာ
အင်္ဂလိပ်စကား ပြောသူအနေဖြင့် တရုတ်စာသင်္ကေတများနှင့် တရုတ်စကားကို မည်သို့
ဆက်စပ် ပြောဆိုသည်ကို နားမလည် နိုင်ပါ။ တရုတ်စကားက
ကျွန်မအတွက် အလွန်ရှုတ်ထွေးပြီး နားကိုမလည်နိုင်ပါ။
တစ်ခါတစ်ရံ၌ ဘုရားသခင်၏ လှုပ်ရှားလုပ်ဆောင်မှု
များကို ဆင်ခြင်တိုင်း ထိုသို့ပင် နားမလည်နိုင်အောင် ခံစား
ရသည်။ ‘‘ထာဝရဘုရားမိန့်တော်မူသည်ကား ငါ့အကြံအစည်
သည် သင်တို့၏အကြံအစည်နှင့်မတူ၊ ငါ၏အကျင့် သည်လည်း
သင်တို့၏အကျင့်နှင့်မတူ’’ (ဟေရှာ ၅၅း၈) ဟု မိန့်ကြားထား
သော်လည်း ဘုရားသခင်သည် အချို့သော အဖြစ်အပျက်
များကို ဘာကြောင့် ဖြစ်ပျက်ခွင့်ပေးရသည်ကို ကျွန်မ
အနေဖြင့် နားလည်သင့်သည်ဟု တစ်ဖက်မှလည်း ခံစား
တွေးမိသည်။ နောက်ဆုံးတွင် နှုတ်ကပတ်တော်ကို မှန်မှန်
ဖတ်ရှုလျက်သာနေပြီး သန့်ရှင်းသော ၀ိညာဉ်တော်သည်…

အခက်တွေ့ပြီ

‘‘ဘုရားထက် ကြီးတာ၊ နတ်ဆိုးထက် ဆိုးတာ၊ သူမွဲမှာ ရှိတာ၊ သူကြွယ်မှာ လိုတာ၊
စားရင် သေမှာ’’ ထိုစကားထာလေး၏အဖြေကို စဉ်းစားမရ၍ အခက်တွေ့ပြီ။ တွေးလေ
ဝေးလေဖြစ်ပြီး ‘‘ဘာမှမရှိခြင်း - Nothing’’ ဆိုသည့် အဖြေကို မဖြေနိုင်ပြီ။
ထိုစကားထာထက် ပို၍ ခက်ခဲနက်နဲသော
စကားထာတစ်ခုကို ကျွန်တော် သတိရမိသည်။ အာဂုရ
အမည်ရှိ ရှေးပညာရှိမင်းတစ်ပါးက မေးခဲ့သော စကားထာ
ဖြစ်သည်။ ‘‘ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။
အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိ
လက်နှင့် ဆုပ်ယူသနည်း။ အဘယ်သူသည်ရေကို အ၀တ်နှင့်
ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူ
တည်စေသနည်း။ ထိုသို့ပြုသောသူ၏အမည်နှင့် သူ့သား
အမည်ကား အဘယ်သို့နည်း။ သင်ပြောနိုင်သလော’’ (သု
၃၀း၎)။
ယခုခေတ်တွင် ထိုအဖြေကို ကျွန်ုပ်တို့အားလုံးသိပါသည်။ သို့သော် တစ်ခါတစ်ရံ
ပဟေဠိဖြစ်ဆဲကာလတွင်…

နာမတော်အားဖြင့် သိမှတ်ကြသော

၁၈၆၀ ခုနှစ် ဇူလိုင်လ၌ လန်ဒန်ရှိ စိန့်သောမတ်စ် ဆေးရုံကြီးတွင် ကမ္ဘာ့ပထမဦးဆုံး
သူနာပြုသင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ယခုတွင် ထိုကျောင်းသည် ဘုရင့်
တော်ဝင်ကျောင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သူနာပြုသင်တန်းသားများမှာ နိုက်တင်ဂေး
ဟု အခေါ်ခံရသည်။ ကရိုင်းမီးယားစစ်ပွဲအတွင်း သူနာပြု များ၏
အခန်းကဏ္ဍကို လုံးလုံးလျားလျား ပြောင်းလဲပစ်ခဲ့သူ
ဖလောရင့်စ် နိုက်တင်ဂေး က ထိုကျောင်းကို တည်ထောင်
ခဲ့သည်။ အလားအလာကောင်းရှိသည့် သူနာပြုများအနေဖြင့်
သင်တန်းပြီးဆုံးချိန်၌ ‘‘နိုက်တင်ဂေး၏ အဓိဌာန်’’ကို
သစ္စာဆိုကြသည်။ ထိုအဓိဌာန်က သူနာပြုလောက၌
သူမ၏လွှမ်းမိုးသက်ရောက်မှု ရှိဆဲဖြစ်ကြောင်း ထင်ဟပ်
ဖော်ပြနေသည်။
ဖလောရင့်စ် နိုက်တင်ဂေး နည်းတူ များစွာသော
လူအပေါင်းတို့သည်လည်း လောကတွင် တစ်မူထူးစွာ လွှမ်းမိုးမှု ကိုယ်စီရှိကြသည်။
သို့သော် လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်က သခင်ယေရှု၏ မွေးဖွားခြင်း၊ အသေခံခြင်း၊
ကောင်းကင်သို့…

မုန်တိုင်းကို ငြိမ်သက်စေခြင်း

မစ္စစပီကမ်းရိုးတန်းသို့ ကက်တြီးနား ဟာရီကိန်းမုန်တိုင်း ဦးတည်လာစဉ် အငြိမ်းစား
သင်းအုပ်ဇနီးမောင်နှံသည် ၎င်းတို့အိမ်မှထွက်ပြီး ကယ်ဆယ်ရေးစခန်းတွင် သွားရောက်
ခိုလှုံသည်။ သူ့သမီးက သူရှိရာ အတ္တလန်တာ ပြည်နယ်သို့လာရန် ပြောသော်လည်း
ဘဏ်များ ပိတ်နေ၍ ငွေထုတ်မရသဖြင့် ခရီးမပြုနိုင်ခဲ့ပါ။
မုန်တိုင်းစဲသွားပြီးနောက်မှ ၎င်းတို့အိမ်သို့ပြန်ခဲ့ပြီး၊ ရေထဲ
ပေါလောပေါ် နေသည့် ဓာတ်ပုံအချို့နှင့်ပစ္စည်းအချို့ကိုသာ
ပြန်ရ သည်။ ဆရာက သူ့ဖခင်၏ဓာတ်ပုံကို အခြောက်ခံရန်
ဘောင်ဖြုတ်လိုက်စဉ် ငွေ ၃၆၆ ဒေါ်လာ ထွက်လာသည်။
သူတို့ ဇနီးမောင်နှံ အတ္တလန်တာသို့ သွားရန် ၂ ယောက်စာ
လေယာဉ်စရိတ်အတိအကျဖြစ်သည်။ သူတို့လိုအပ်မှု
အတွက် သခင်ယေရှုကို စိတ်ချကိုးစားနိုင်ကြောင်း သူတို့သိ
သည်။
မာကု ၄း၃၅-၄၁ တွင် မိုးသက်မုန်တိုင်းကြား၌
သခင်ယေရှုကို ယုံကြည်ကိုးစားရန် တပည့်တော်များ
သင်ယူရသည့် သင်ခန်းစာ ဖော်ပြပါရှိသည်။ သခင်ယေရှုက တပည့်တော်များအား…

ကျွန်ုပ်တို့၏ အစွမ်းသတ္တိနှင့် သီချင်း

တေးရေးနှင့် တီးဝိုင်းကိုညွှန်ကြားသူ ဒါရိုက်တာ ဂျွန် ဖိလစ် စောင်စာ သည် The March
King ဟု မကြာခဏအခေါ်ခံရပြီး၊ သူဖန်တီးသော တေးသွားသံစဉ်များကို ကမ္ဘာတစ်ဝန်း၌
နှစ်ပေါင်းရာချီကတည်းကပင် တီးဝိုင်းဖြင့် တီးမှုတ်ကြသည်။ ဗာဂျီးနီးယားမှ မဟာ
စစ်တီးဝိုင်းကို ဦးဆောင်ညွှန်ကြားသူ ဂီတသမိုင်းသုတေသီ
ဆရာကြီး လောရာစ် ဂျွန် စီစဲ က ‘‘ ဆရာကြီး ဘီသိုဗင်
သည် ဆင်ဖိုနီတီးဝိုင်းမှာ နာမည်ကြီးသလို ဆရာကြီး
စောင်စာ ကလည်း စစ်ချီတီးလုံးတွေကို ဖန်တီးရာမှာ
နာမည်ကြီးတယ်’’ ဟုဆိုသည်။ ဆရာကြီးစောင်စာသည်
လူတို့ကို လှုံ့ဆော်အားပေးရန်၊ နှိုးဆော်ရာ၌ တေးဂီတ၏
အစွမ်းတန်ခိုးသည် ထိရောက်မှုရှိကြောင်း သိနားလည်သည်။
ဓမ္မဟောင်းကျမ်းတွင် ဒုက္ခရောက်လျက် အကူအညီ
လိုအပ်ချိန်များတွင် ဘုရားသခင်၏မစခြင်းအကြောင်းများကို ရေးဖွဲ့လျက် သီချင်းဆိုကာ
ချီးမွမ်းရန် ဣသရေလလူတို့ မကြာခဏ နိုးဆော်ခံရသည်။…

ကြောက်နေသော ရှဥ့်ကလေး

အလှဆင်ကျောက်တုံးများချရန် ကျွန်တော့်ခြံရှိ မြေကွက်၌ ကွန်ကွက်ချသည်။
အလုပ်ပြီးကာခါနီးတွင် ကွန်ကွက်၌ ရှဥ့်တစ်ကောင်ငြိနေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် လက်အိတ်စွတ်ပြီး ကွန်ကွက်ကို မသိမသာ ပြန်ဖြတ်တောက်ရသည်။
ရှဥ့်ကလေးက ကျွန်တော့်ကို မနှစ်မြို့ ၊ သူ့နောက်ခြေလေးနှင့်
ကန်ကာ ကျွန်တော့်ကိုကိုက်ရန် ကြိုးစားသည်။
‘‘ဟိတ်ကောင်၊ ငါ မင်းကို ဘာမှမလုပ်ဘူး၊ ငြိမ်ငြိမ်နေ’’
ဟု ကျွန်တော်က အေးဆေးပြောလိုက်သည်။ သို့သော်
သူနားမလည်သောကြောင့် ကြောက်ကြောက်နှင့် သူရုန်း
သည်။ ကွန်ကွက်ချုပ်ထားသည့် နောက်ဆုံးကွင်းကို
ဖြုတ်အပြီးတွင် ရှဥ့်ကလေးမှာ သူ့အိမ်သို့ အပြေးထွက်သွား တော့သည်။
ရံဖန်ရံခါ လူသည်လည်း ချောင်ပိတ်မိသကဲ့သို့ ခံစားရပြီး ဘုရားသခင်အပေါ်
ကြောက်လန့်တကြား တုံ့ပြန်သည်။ ကိုယ်တော်ပေးသည့်မစမှုကို နားမလည်ဘဲ
ကျွန်ုပ်တို့ ရုန်းကန်ဆန့်ကျင်နေလည်း ကိုယ်တော်သည် ကယ်မလျက် မျှော်လင့်ခြင်းကို
ပေးမြဲပင်။
ဟေရှာ(၄)တွင် ပရောဖက်ကြီးက ထာဝရဘုရားမိန့်ကြားသည့်စကားကို ညွှန်းပြီး…

ရွှံ့ဗွက်ထဲ နစ်နေသည်

မိဘများ၏အုတ်ဂူတွင် ကျွန်မပန်းခွေသွားချစဉ် ကျွန်မခင်ပွန်းက အခြားကားများ
သွားနိုင်အောင် ကျွန်မတို့ကားကို လမ်းဘေးသို့ ချရပ်လိုက်သည်။ တစ်ပတ်လုံး မိုးရွာ
ထားသဖြင့် ကားရပ်နားရန် နေရာက ရွှဲနစ်နေသည်။ ကျွန်မတို့ပြန်ထွက်ခွါမည်ပြုမှ
ကျွန်မတို့ကား ဗွက်နစ်နေပြီဟု သိလိုက်ရသည်။ ကားက
ရုန်းလေ နစ်လေ ဖြစ်နေတော့သည်။
ကားကို တွန်းမှဖြစ်တော့မည်။ သို့သော် ကျွန်မ
ခင်ပွန်းက ပုခုံးဒဏ်ရှိပြီး၊ ကျွန်မကလည်း ခုမှ ဆေးရုံဆင်းခါစ
ဖြစ်သည်။ ကျွန်မတို့အကူအညီလိုပြီ။ ခပ်လှမ်းလှမ်းတွင်
လူရွယ်နှစ်ဦးကို တွေ့လိုက်ရ၍ ကျွန်မ လက်ယပ်ခေါ်ပြီး
အော်ခေါ်သောအခါ သူတို့ လိုလိုလားလားနှင့် ကူညီခဲ့သည်။
သူတို့နှစ်ဦး၏အားနှင့်တွန်းပေးသဖြင့် ကားက လမ်းမပေါ်
ပြန်ရောက်ခဲ့သည်။
ဒါဝိဒ်က မစမှုကို တောင်းခံသောအခါ ဘုရားသခင်၏
သစ္စာတည်မှုကို ဆာလံ ၄၀ တွင် အသေးစိတ် ဖော်ကျူးသည်။ ‘‘ငါသည် ထာဝရဘုရားကို
စေ့စေ့ မြော်လင့်သည်ကာလ…

ပညာရှာသူများ

နွေရာသီရောက်တိုင်း ကောလိပ်နှင့် တက္ကသိုလ်များတွင် သင်ယူပြီးမြောက် အောင်မြင်
လျက် ဘွဲ့ရသော ကျောင်းသားများကို ဂုဏ်ပြုလျက် ဘွဲ့နှင်းသဘင် ကျင်းပကြသည်။
စင်မြင့်ပေါ် ဘွဲ့ယူပြီးသည်နှင့် ဤဘွဲ့ရလူငယ်များသည် ၎င်းတို့ကို စိန်ခေါ်နေသည့်
လောကသို့ ၀င်ရောက်ကြမည်။ သင်ကြားခံယူခဲ့ရသော
ကျောင်းစာအသိပညာများက မလုံလောက်ပါ။ ၎င်းတို့
သင်ယူခဲ့သည့်အရာများကို လိမ္မာစွာ လက်တွေ့အသုံးချခြင်း
သည်သာ ဘ၀၌ အောင်မြင်စေမည့်သော့ချက်ဖြစ်သည်။
ကျမ်းစာ၌ ပညာကို ရှာဖွေအပ်သော ရတနာတစ်ပါး
အဖြစ် အမွှမ်းတင်ထားသည်။ ပညာသည် ဥစ္စာစည်းစိမ်
ကြွယ်ဝမှုထက် သာ၍ကောင်းသည် (သု ၃း၁၃-၁၈)။
ပညာ၏အရင်းအမြစ်မှာ ပညာနှင့်ပြည့်စုံတော်မူသောဘုရား
သခင်ဖြစ်သည် (ရော ၁၆း၂၇)။ ‘‘ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာ ရှိသမျှတို့သည်’’ ခရစ်တော်၌
ဝှက်ထားလျက်ရှိပြီး (ကော ၂း ၃)၊ သခင်ယေရှု၏အပြုအမူနှင့် စိတ်သဘောတို့တွင်
ပေါ်လွင်ထင်ရှားသည်။ ကျမ်းစာကိုဖတ်ရှုပြီး လက်တွေ့အသုံးချခြင်းဖြင့် ပညာကို
ရရှိသည်။…